Master of Business Administration In Human Resource Management (MBA in HRM,Paris)/PCHRM(USA)

Description

ပြိုင်ဆိုင်မှုတွေများပြားလာပြီးတစ်ဟုန်ထိုးတိုးတက်လာတဲ့ခေတ်မှာနိုင်ငံတကာအဆင့်မြင့်ပညာရပ်များကိုပြည်ပသို့ကိုယ်တိုင်သွားရောက်တက်စရာမလိုပဲမြန်မာနိုင်ငံတွင်ဈေးနှုန်းချိုသာစွာဖြင့်တက်ရောက်နိုင်သောအခွင့်အလမ်းများရှိနေပါပြီ။
Company ၏ Vision, Mission နှင့် core value များကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် HR ဌာနမှာလည်းအရေးကြီးတဲ့ အခန်းကဏ္ဍမှပါဝင်ပါသည်။

ဒါကြောင့် ဝန်ထမ်းများကိုစနစ်တကျစီမံခန့်ခွဲပြီး ဝန်ထမ်းကောင်းများမွေးထုတ်ပေးရန်အတွက် EGS နှင့် Talent Highway Management Institute တို့ပူးပေါင်း ဖွင့်လှစ်ထားသောပြင်သစ်အစိုးရအသိအမှတ်ပြုMBA in HRM Intake 6 ကိုUSD6000 25% Discount, Early Bird ဖြင့်ချိုသာ သောဈေးနှုန်းနှင့်ဖွင့်လှစ်ပေးလိုက်ပါပြီ။

စိန်ခေါ်မှုပြည့်နှက်နေသော ၂၁ ရာစုရဲ့ စီးပွားရေး လုပ်ငန်းများတွင်ပိုမိုကောင်းမွန်သော Strategy များ၊ Concept များနှင့် Skill များကိုအသုံးပြု၍ လက်ရှိမြန်မာနိုင်ငံ အတွင်း အလုပ်ရှင်၊အလုပ်သမား၊ လုပ်ငန်းခွင်တို့ကြားမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အခက်အခဲတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန်အတွက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်တစ်ခုကို ပညာရှင်အဆင့်အထိ တတ်မြောက်လိုသူများလက်မလွတ်ပဲတက်ရောက်သင့်ပါတယ်။ လူဦးရေကန့်သတ်ထားပြီး ဦးရာလူစနစ်နဲ့ လက်ခံမှာဖြစ်လို့ စိတ်ဝင်စားပါက ကြိုတင်ကျောင်းအပ်နိုင်ပါပြီ။ အရစ်ကျလည်း ခွဲသွင်းနိုင်တာမို့ ခုပဲစာရင်းပေးသွင်းနိုင်ပါပြီ။


ဒီသင်တန်းရဲ့ ထူးခြားချက်ကတော့....

ဘာသာရပ်တခုချင်းစီတွက်သက်ဆိုင်ရာနယ်ပယ်တွင် ၁၅ နှစ်အတွေ့အကြုံရှိ Academic Professor များ/ EGS မှ Professor များမှစာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီးTalent Highway မှ Principal Dr. Than Zaw ကိုယ်တိုင်Study Guide အနေနဲ့ အကြံပေးဆွေးနွေးပေးမှာပါ။MBA in HRM သင်တန်းပြီးဆုံးပါက American Certification Institute မှချီးမြင့်မဲ့နိုင်ငံတကာ အသိအမှတ်ပြု Professional Certified International Human Resource Manager လက်မှတ်ကိုပါလျှောက်ထားနိုင်ပါသည်။


#European_Global_School (Paris) အကြောင်း
============================
European Global School, Paris သည်
✅CPD Training Provider မှ အသိအမှတ်ပြုထားခြင်း (registration number is 777278.)
✅ISO 9001:2015, ISO 21001:2018 လက်မှတ်ရရှိထားခြင်း
✅French Ministry of Education မှအသိအမှတ်ပြုခြင်း
✅ASIC (Accreditation Service for internationals Schools, Colleges & University) မှအသိအမှတ်ပြုခြင်း။
✅နိုင်ငံတကာ တက္ကသိုလ်အဖြစ် အပြည့်အဝ အာမခံထားရှိနိုင်ခြင်း အစရှိသော အရည်အသွေး ကောင်းမွန်သောကျောင်းတစ်ခုဖြစ်ပါသည်။
အသေးစိတ်ကို www.egs.edu.eu နှင့် ပြင်သစ်အစိုးရဝက်ဆိုဒ် https://www.education.gouv.fr/acce_public/search.php သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Course Outline

#သင်ကြားရမည့်ဘာသာများ
MBA 701 Strategic HR Strategy
MBA 702 Strategic Staffing
MBA 703 Developing Organizations and Employees
MBA 704 Performance Management & Rewards
MBA 705 Employment Relations in Organizational Effectiveness
MBA 706 KPI, SOP and Balanced Scorecard
MBA 707 Global HRM
MBA 708 Compensation & Benefits
MBA 709 HRM Research Design & Analysis
MBA 710 Quantitative Study in SHRM
#Supplement_Subjects
- Financial Analysis for HRM
- International Labour Standards
- Strategic Marketing Management
- Operations Management
- Logistics Management

Module_1 : Strategic HR Strategy လူ့စွမ်းအားအရင်းအမြစ်ပညာနှင့်ပတ်သတ်သော မဟာဗျူဟာများ၊ နိုင်ငံတကာအဖွဲ့အစည်းသို့ဝင်ရောက်ရာတွင် သိသင့်သော IHRMပညာရပ်များနှင့် လက်တွေ့အသုံးပြုပုံများ၊ဌာနအသီးသီး၏စီမံကိန်းများ၊ ပေါ်လစီများ၊ လက်တွေ့အကောင်အထည် ဖော်ရာတွင် HR မဟာဗျုဟာများနှင့် ချိတ်ဆက် ဆောင်ရွက်ပုံများ၊ လူ့စွမ်းအားအရင်း အမြစ်စီမံကိန်းရေးဆွဲပြဌာန်း အကောင်အထည်ဖော်ပုံများ၊ ဝန်ထမ်းစုစည်းရွေးချယ်ရာတွင် အသုံးပြုသော စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုများ၊ Training & Development လေ့ကျင့်သင်ကြားရေး နည်းပညာများ၊ နိုင်ငံတကာလုပ်ခလစာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ စီမံကိန်းရေးဆွဲနည်းများ၊ ISO, HACCP, GMP နိုင်ငံတကာစံသတ်မှတ်ချက်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ်စီမံကိန်း ရေးဆွဲနည်းများ၊ ကုန်ထုတ်လုပ်မှု စီမံကိန်းအဆင့်ဆင့်တွင် HRM Policyများနှင့်စနစ်တကျချိတ်ဆက်နည်းများပါဝင်သည်။

(2) Performance Management ရာထူးအဆင့်အလိုက်အရည်အသွေးစစ်ဆေးချက်ပြုလုပ်ပုံများ၊နိုင်ငံတကာဝန်ထမ်းအဆင့်စစ်ဆေးမှုနည်းဗျူဟာများ၊တာဝန်တစ်ခုချင်းအလိုက်၊လူတစ်ဦးချင်းအလိုက်၊ဌာနတစ်ခုချင်းအလိုက်ပြဌာန်းပုံအဆင့်ဆင့်များ၊လုပ်ဆောင်ချက်ရလဒ်ပုံအဆင့်ဆင့်များ၊မှားတက်သောအမှားများ၊လစဉ်အကဲဖြတ်မှုများကိုအဆင့်သတ်မှတ်ရာတွင်အသုံးပြုထားသောHR KPI & Metrix အတိုင်းအတာများနှင့် Formula များအပြင်နိုင်ငံတကာ Performance Management System များလည်းလေ့လာခွင့်ရရှိပါမည်။ . (3) Developing Organizations and Employee (OD+ED) ဌာနဖွဲ့စည်းပုံနှင့်အလုပ်အဆင့်ဆင့် Flow Chart, Process Mappingရေးဆွဲနည်းများဝန်ထမ်းရေးရာ အလုပ်ရာထူးအဆင့်စီမံကိန်းများအပြင်လေ့ကျင့်သင်ကြားမှုဆိုင်ရာနည်းဗျူဟာရွေးချယ်အသုံးပြုပုံများပါဝင်ပါသည်။ . (4) SOP, KPI Balance Scorecard Company, Department တစ်ခုလုံးကို policy များပြဌာန်း ထားသော်လည်း၎င်း Policy များကိုသက်ဝင်လှုပ်ရှားလာစေရန် KPI,SOP, BSC စံသတ်မှတ်ချက်အတိုင်းအတာနှင့် စနစ်တကျ ရှိ၍နိုင်ငံတကာအဆင့်သို့တက်လှမ်းနိုင်စေရန် သင်ကြားပေးခြင်း၊ယနေ့မြန်မာစီးပွားရေးစီမံခန့်ခွဲမှုတွင် Department Head တစ်ဦးချင်း၊ BOD အဖွဲ့ဝင်တစ်ခုချင်း၊လုပ်သားတစ်ဦးချင်းအလိုက် Performance Standard များတည်ဆောက်ရန်သင်ကြားပေးခြင်းများပါဝင်သည်။ . (5) Global Human Resource Management နိုင်ငံတကာ Company များတွင်HR လုပ်ငန်း ဆောင်ရွက်ရာတွင်မတူညီသော ကွဲပြားခြားနားသော ယဉ်ကျေး မှု အတွေးအခေါ်အနေအထိုင် ဘဝဖြတ်သန်းမှုနေထိုင်ပုံအမျိုးမျိုးကြားဘတ်စုံလေ့လာစီစစ်ပေါင်းစပ်နိုင်ရန်ရည်ရွယ်ပါသည်။နိုင်ငံခြားနားမှု၊လူမျိုးခြားနားမှု၊သဘာဝပတ်ဝန်းကျင်ခြားနားမှု၊ ဇီဝကမ္မမျှတမှုအမျိုးမျိုးအတွင်း HR စီမံခန့်ခွဲမှုအလုပ်များပေါ်လစီများ ချမှတ်ရာတွင် ကုန်ထုတ်လုပ်မှုပြသနာ၊လူမှုရေးပြသနာအတွေးအခေါ်နှင့်စီမံခန့်ခွဲမှုကွဲပြားခြားနားမှုပြသနာများဖြေရှင်းရန်ရည်ရွယ်ပါသည်။ . (6) Compensation, Benefit & Reward Management အခြေခံလစာ၊ထူးကဲစွမ်းဆောင်ရည်နှင့်စွမ်းရည်ထက်မြတ်မှုအတွက်လစာ၊ဘောနပ်စ်၊ကော်မရှင်၊ကုန်ထုတ်စွမ်းရည်နှင့်အမြတ်ငွေပေါ်အခြေခံစုကြေးငွေ၊ လူမှုရေးစားဝတ်နေရေးကိုအခြေခံသောပေးငွေ၊BOD,Executive Level,Non-Executive Level တစ်ခုချင်းအလိုက်လစာ သတ်မှတ်ပုံများ၊ နိုင်ငံတကာလုပ်သားများအတွက်ဥပဒေနှင့်အညီလစာ၊အခွန်၊ထောက်ပံ့ကြေး၊ဆုကြေးပေးချေပုံများအသေးစိတ်လေ့လာခွင့်ရရှိပါမည်။ . (7) Strategic Staffing, Testing & Retention ဝန်ထမ်းရွေးချယ်စစ်ဆေးမှုပုံစံအမျိုးမျိုး၊အရည်အသွေးစစ်ဆေးမှု၊စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးအမှုအကျင့်ပုံစံအမျိုးမျိုးစစ်ဆေးပုံများ၊ဝန်ထမ်းရေးရာစိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ်ရေးဆွဲခြင်း၊ထက်မြတ်၍ စွမ်းရည်ပြည့်ဝသောဝန်ထမ်းများအားဌာနအသီးသီးရာထူးအဆင့်တိုင်းတွင်လိုအပ်မည့်အချိန်၊မှန်ကန်သောနေရာတွင်ထားနိုင်ရန်စီမံကိန်းရေးဆွဲသည့်ပုံစံများပါဝင်သည်။
(8) Employee Relation & Organizational Effectiveness ဝန်ထမ်းအချင်းချင်းအကြား၊ဝန်ထမ်းနှင့်အလုပ်ရှင်အကြား၊ဝန်ထမ်းနှင့်မဟာဗျူဟာအကြောင်း၊ဝန်ထမ်းနှင့်အလုပ်သမားအကြားစသောဆက်ဆံရေးများကိုပုံစံအမျိုးမျိုးအားအသုံးချစိတ်ပညာများအသုံးပြု၍လေ့လာခွင့်ရရှိပါမည် ။

Who Attend

#လျှောက်ထားရန်အတွက်_လိုအပ်သောအရည်အချင်းများ
 ✅အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူဖြစ်ရမည်။
 ✅လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ခန့် ရှိရမည်။
 ✅သင်ရိုးကုန်သည်ထိ သက်မှတ်ချိန်အတိုင်း ပြည့်မှီစွာတက်ရောက် နိုင်ရမည်။
 ✅Core Subject 8 ဘာသာ ၊
 ✅Research Methodology သု‌တေသန စာတမ်းတစ်စောင်၊
 ✅Supplement 5 ဘာသာပြီးဆုံးသည်ထိ တက်ရောက်နိုင်ရမည်။

Opening Date
#သင်တန်းဖွင့်မည့်ရက် 15. May .2022 (Sunday Only)

Time
Sunday Only

Fee
USD 6000 (25% Discount)