Master of Business Administration In Management (MBA in Management,Paris)/PCHRM(USA)

Description

 လေ့လာမှုတွေကို မရပ်တန့်ပစ်ဘဲ ဆက်လက် လေ့လာချင်သူများအတွက် ရည်ရွယ်၍စီးပွားရေးလုပ်ငန်းများတွင်ပိုမိုကောင်းမွန်သော Business Strategy များ ၊ Business Plan များ ရေးဆွဲပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန် Master of Business Administration in Management သင်တန်းကို European Global School (PARIS) နှင့် ပူးပေါင်း၍ Talent Highway Management Institute မှ ဖွင့်လှစ်လိုက်ပါပြီ။

လူကြီးမင်းဟာ အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ အိမ်မက်တွေကို ပုံဖော်ထုဆစ်နေသူတစ်ယောက်လား?
ဒါမှမဟုတ် စီးပွားရေးနယ်ပယ်ထဲမှာ ဝင်ရောက်နေပြီး ဒီထက်အဆင့်မြင့်တဲ့ စီးပွားရေနယ်ပယ်ထဲကို ဝင်ရောက်လိုသူလား?
ဒါဆိုရင်တော့ ၂၁ ရာစုရဲ့ကြီးမားကျယ်ပြန့်တဲ့ Business ကိုနားလည်ဖို့ MBA ဘွဲ့ကိုတက်ရောက်သင်ကြား ဖို့လိုပါလိမ့်မည်။
လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျာအရ လူကြီးမင်းတို့ရဲ့ လက်တွေ့ လုပ်ငန်းခွင် အတွက် အခက်အခဲများကို ဘယ်လို ဖြေရှင်းကိုင်တွယ်ရမလဲဆိုတာတွေကိုပါ ဝါရင့်ကျွမ်းကျင်ဆရာ၊ဆရာမကြီးများနှင့်အတူ ဆွေးနွေးတိုင်ပင်နိုင်မှာလည်း ဖြစ်ပါသည်။

အောင်မြင်နေသောကုမ္ပဏီအများစုရဲ့ နောက်ကွယ်မှာ Management ပိုင်းကိုကျွမ်းကျင်သော ပညာရှင်များနဲ့ သေချာဂရုစိုက် ပြုလုပ်နေတာကို တွေ့ရပါသည်။
ဒါကြောင့် Management ပိုင်းကို စနစ်တကျလေ့လာချင်သူများအတွက် အသင့်တော်ဆုံးဖြစ်သော MBA in Management သင်တန်းကို တက်ရောက်ပြီး ပိုမိုအောင်မြင်သော အနာဂတ်ကို လျှောက်လှမ်းနိုင်ပါသည်။

MBA in Management သင်တန်းပြီးဆုံး ပါက American Certification Institute မှ ချီးမြင့်မဲ့ နိုင်ငံတကာ အသိအမှတ်ပြု Professional Certified International Manager လက်မှတ်ကိုပါ လျှောက်ထားနိုင်ပါသည်။

#European_Global_School (Paris) အကြောင်း
============================
 European Global School, Paris သည် CPD Training Provider မှ အသိအမှတ်ပြုထားခြင်း (registration number is 777278.)
 ISO 9001:2015, ISO 21001:2018 လက်မှတ်ရရှိထားခြင်း French Ministry of Education မှအသိအမှတ်ပြုခြင်း
 ASIC (Accreditation Service for internationals Schools, Colleges & University) မှအသိအမှတ်ပြုခြင်း။
 နိုင်ငံတကာ တက္ကသိုလ်အဖြစ် အပြည့်အဝ အာမခံထားရှိနိုင်ခြင်း အစရှိသော အရည်အသွေး ကောင်းမွန်သောကျောင်းတစ်ခုဖြစ်ပါသည်။
အသေးစိတ်ကို www.egs.edu.eu နှင့် ပြင်သစ်အစိုးရဝက်ဆိုဒ် https://www.education.gouv.fr/acce_public/search.php သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


Course Outline

#MBA in Management တွင်သင်ကြားရမည့် ဘာသာ ရပ်များမှာ-
MBA 701 Strategic Human Resource Management
MBA 702 Marketing Management
MBA 703 Organizational Development and Change
MBA 704 Project Management
MBA 705 Production and Operations Management
MBA 706 SOP & Balanced Scorecard
MBA 707 International Human Resource Management
MBA 708 Financial Management
MBA 709 Research Methodology
MBA 710 MBA Thesis
#Supplemental_Subjects
(1) Micro Economic
(2) Strategic Management
(3) International Business Management
(4) International Labor Standards
(5) Management Accounting

* Core Subject 8 ဘာသာ ၊ Research Methodology သု‌တေသန စာတမ်းတစ်စောင်၊ Supplement 5 ဘာသာပြီးဆုံးသည်ထိ တက်ရောက် နိုင်ရမည်။

.Module_1 : Strategic HR Strategy

လူ့စွမ်းအားအရင်းအမြစ်ပညာနှင့်ပတ်သတ်သော မဟာဗျူဟာများ၊ နိုင်ငံတကာအဖွဲ့အစည်းသို့ဝင်ရောက်ရာတွင် သိသင့်သော IHRMပညာရပ်များနှင့် လက်တွေ့အသုံးပြုပုံများ၊ဌာနအသီးသီး၏စီမံကိန်းများ၊ ပေါ်လစီများ၊ လက်တွေ့အကောင်အထည် ဖော်ရာတွင် HR မဟာဗျုဟာများနှင့် ချိတ်ဆက် ဆောင်ရွက်ပုံများ၊ လူ့စွမ်းအားအရင်း အမြစ်စီမံကိန်းရေးဆွဲပြဌာန်း အကောင်အထည်ဖော်ပုံများ၊ ဝန်ထမ်းစုစည်းရွေးချယ်ရာတွင် အသုံးပြုသော စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုများ၊ Training & Development လေ့ကျင့်သင်ကြားရေး နည်းပညာများ၊ နိုင်ငံတကာလုပ်ခလစာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ စီမံကိန်းရေးဆွဲနည်းများ၊ ISO, HACCP, GMP နိုင်ငံတကာစံသတ်မှတ်ချက်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ်စီမံကိန်း ရေးဆွဲနည်းများ၊ ကုန်ထုတ်လုပ်မှု စီမံကိန်းအဆင့်ဆင့်တွင် HRM Policyများနှင့်စနစ်တကျချိတ်ဆက်နည်းများပါဝင်သည်။

Module 2 : Marketing Management

မြန်မာ့ဈေးကွက် နိုင်ငံတကာဈေး ကွက်တွင် မိမိတို့၏ကုန်ပစ္စည်း ဝန်ဆောင်မှုများ စနစ်တကျ ထိုးဖောက်ရန် ဈေးကွက်နည်းဗျူဟာ၊ မဟာနည်းဗျူးဟာအခင်းအကျင်းများ ထူးခြားဆန်းသစ်ရန်လိုအပ်ပါသည်။ မားကတ်တင်းပညာသည် သီအိုရီပိုင်နိုင်မှု လက်တွေ့နှင့်ချိတ်ဆက်လုပ်ဆောင်တွေးခေါ်နိုင်မှု အစဉ်မပြတ်လိုအပ်ပါသည်။ Case Studies, Brain Storming, Workshop, Planning, Presentation ထိရောက်အောင်မြင်သော နည်းစနစ်များ အသုံးချ၍သင်ကြားမည်။

Module_3 : Developing Organizations and Employee (OD + ED)

ဌာနဖွဲ့စည်းပုံ အလုပ်အဆင့်ဆင့် flow Chart, Process Mapping ရေးဆွဲနည်းများ၊ ဝန်ထမ်းရေးရာ အလုပ်ရာထူးအဆင့် စီမံကိန်းများအပြင် လေ့ကျင့်သင်ကြားမှုဆိုင်ရာ နည်းဗျူဟာရွေးချယ်အသုံးပြုပုံများ ပါဝင်ပါသည်။

Module_4: Project Management

မိမိတို့၏ ကုမ္ပဏီ၊ အဖွဲ့ အစည်းမှ ချမှတ်ထားသော စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသော အချိန်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် တိကျသော စံနှုန်းများ (initiating, Planning, Executing, Monitoring and Controlling and Closing) သတ်မှတ်၍ စီမံကိန်း ရေးဆွဲခြင်းကို နိုင်ငံတကာအဖွဲအစည်း များ၏ မြင်ကွင်းများအတိုင်း Case Study များဖြင့် လေ့လာခွင့်ရရှိပါမည်။ Integration Management, Scope Management, Time Management, Cost Management, Quality Management, Human Resource Management, Communication Management, Risk Management and Procurement Management စသော စီမံခန့်ခွဲမှု ပုံစံများကို Project Management ရှုထောင့်မှ အသေးစိတ် လေ့လာခွင့်ရရှိပါမည်။

Module_5: Production and Operations Management

မိမိ၏ ကုပစ္စည်း နှင့် ဝန်ဆောင်မူများ ဈေးကွက်ထဲတွင် ကောင်းစွာရပ်တည် နိုင်ရန် Production and Operation Management ပညာရပ်မှာ မရှိမဖြစ် လိုအပ်ပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်  ရာတွင် Inputs(သွင်းအားစု)၊ Process (လုပ်ငန်းစဉ်)၊ Outputs (ထွက်ကုန်များ) ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှမှန်ကန်သော ကုန်ကြမ်းများ ဝယ်ယူနိုင်ခြင်း၊ စနစ်တကျ သိုလှောင်နိုင်ခြင်း၊ လေလွင့်ဆုံးရူံးမူ နည်းပါးခြင်း၊ ကုန်ပစ္စည်း များအရည်အသွေးမြင့်မားခြင်း၊ အရည် အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိစေရန် နိုင်ငံတကာအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမူပုံစံများ သင်ကြားခွင့်ရရှိမည်။

Module_6 : SOP, KPI, Balanced Scorecards

ကုမ္ပဏီတစ်ခုလုံး၊ ဌာနတစ်ခုလုံး၊ စက်မှုလုပ်ငန်းတစ်ခုလုံးကို ပေါ်လစီများတွင် ပြဌာန်းထား သော်လည်း ၎င်းပေါ်လစီများသက်ဝင်လှုပ်ရှားလာစေရန် KPI, SOP, BSC စံသတ်မှတ်ချက် အတိုင်းအတာများ စနစ်တကျရှိမှသာ နိုင်ငံတကာအဆင့် တက်လှမ်းနိုင် ပါလိမ့်မည်။ လက်ရှိမြန်မာ့စီးပွားရေးစီမံခန့်ခွဲမှုတွင် ဌာနမှူးတစ်ဦးချင်း၊ BOD အဖွဲ့ဝင် တစ်ဦး၊ လုပ်သားတစ်ဦးချင်းအလိုက် Performance Standard များ တည်ဆောက်နိုင်ရန်ရည်ရွယ်ပါသည်။

Module_7 : International Human Resource Management

နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများအတွင်း HRM လုပ်ငန်း အသေးစိတ်ဆောင်ရွက်ရာတွင် မတူညီသော ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အနေအထိုင်၊ ဘဝဖြတ်သန်းမှုပုံစံအမျိုးမျိုးအကြားဘက်စုံလေ့လာ စီစစ်ပေါင်းစပ်နိုင်ရန် ရည်ရွယ်ပါသည်။

Module 8 : Financial Management

စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်စွာ လည်ပတ်နိုင်ရေး အတွက် အဓိကသော့ချက် ဖြစ်သော Financial Management တွင်မိမိအဖွဲ့အစည်း ၏ Strategic Goal ပေါ်မူတည်ပြီး ငွေကြေးအမြင် ဖြင့် စီမံခန့်ခွဲခြင်း၊ စံသတ်မှတ်ချက် များနှင့်အညီ လုပ်ငန်းစဉ်များ အသေးစိတ်ရေးဆွဲခြင်း၊ ကြိုတင် ခန့်မှန်းခြင်း၊ Profit & Loss, Balance Sheet, Cash Flow စတာတွေကို အသေးစိတ်စီမံခန့်ခွဲခြင်း၊ မိမိလုပ်ငန်းကို ထိခိုက်စေနိုင်သော ပြသနာများကို SWOT Analysis and Financial Analysis များကို အသုံးပြ၍ ဖြေရှင်းပုံများကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု ပုံစံများအတိုင်း case study များဖြင့် အသေးစိတ် လေ့လာခွင့် ရရှိပါမည်။

Who Attend

#ကျောင်းလျှောက်ထားရန်လိုအပ်သော အချက်များ
-တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူ
-လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ခန့်ရှိသူ
-သင်ရိုးကုန်သည်ထိ သက်မှတ်ချိန် အတိုင်း ပြည့်မှီစွာတက်ရောက်နိုင်သူ

Opening Date
15 May 2022

Time
Sunday Only

Fee
သင်တန်းကြေး - USD 6000 အစောဆုံးအပ်တဲ့ ၁၀ဦးကိုလည်း 25 % Discount ပေးသွားမှာ ဖြစ်ပါသည်။